Lotayamm

search
မာတိကာ

contents

စေတနာကမ်းလက်များ > အစီအစဉ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
အစီစဉ် အမှတ် : 1002
ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
လှူဒါန်းရန်
အစီအစဉ်၏ အသေးစိတ် အချက်အလက်များ
နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
"ကျောက်ကပ်ဝေဒနာရှင်များသည်
မိမိကိုယ်မိမိယုံကြည်စွာဖြင့်သွားလာလှုပ်ရှားလုပ်ကိုင်နိုင်ပြီးတစ်ပါးသူနှင့်မိသားစုအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် ရည်ရွယ်၍ အလှူရှင်များ စေတနာ့ဆရာဝန်ကြီးများ ကျွမ်းကျင်ပညာရှင်များ၏အကူညီဖြင့် ၂၀၁၆နိုဝင်ဘာလမှ စတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာနအား ထပ်မံတိုးချဲ့ခဲ့ပါသည်။
သုခကျောက်ကပ်ဋ္ဌာနတွင် ကျောက်ကပ် သွေးသန့်စင်မည့်လူနာများသည်
၁။ လည်ပင်း Neck Line ဖြုတ်ထားပြီးသူဖြစ်ရမည်။
၂။ အကြောမွေးပြီးနောက် ကျောက်ကပ်အား အနည်းဆုံး (၃)ကြိမ်ဆေးဖူးသူဖြစ်ရမည်။
၃။အသက် (၆၅) နှစ်အောက်ဖြစ်ရမည်။
၎။ နှလုံးရောဂါရှိသူမဖြစ်ရပါ။
၅။ အသဲရောင် ဘီပိုး စီပိုး တီဘီပိုးနှင့် HIV ပိုးရှိသူမဖြစ်ရပါ။
အထက်ပါ အချက်များနှင့်ကိုက်ညီပြီး ငွေကြေးမတတ်နိုင်သည့် ကျောက်ကပ်သွေးဆေးရမည့် လူနာများအား အခမဲ့ (သို့) အမှန်တကယ်ကုန်ကျငွေ၏(၅၀%)သာပေးသွင်းစေ၍ ပံ့ပိုးကူညီပေးလျှက်ရှိသည့်အပြင် ကျပ် ၂၀၀၀၀ ခန့် တန်ဘိုးရှိ သွေးအားတိုးဆေး တစ်လလျှင်နှစ်ကြိမ် အခမဲ့ထိုးပေးပါသည်။ ယခုအခါ တစ်ရက်လျှင် လူနာ (၆)ဦး ဖြင့် စတင်ဆေးပေးနေပြီး ၂၀၁၇ တွင် တစ်ရက်လျှင် လူနာ ၃၀ မှ ၄၀ ဦး အထိ ဆေးပေးနိုင်ရန် ရည်ရွယ်ထားပါသည်။
လူနာတစ်ဦးလျှင် ကျောက်ကပ်သွေးဆေး ကုန်ကျစရိတ်မှာ ၅၅၀၀၀ ခန့်ကုန်ကျပါသည်။
အလှူရှင်များအနေဖြင့် လူနာတစ်ဦးလျှင် (၅၀%)ပေးသွင်းငွေ ၂၅၀၀၀နှုန်းဖြင့်သော်လည်းကောင်း တစ်ဦးချင်းအတွက် အလုံးစုံကုန်ကျငွေ ၅၀၀၀၀ ကျပ် သော်လည်းကောင်း အကြိမ်အရေအတွက်နှင့်သော်လည်း ကောင်း (သို့) အနည်းများသတ်မှတ်ခြင်းမရှိ တတ်နိုင်သလောက် လှူဒါန်းနိုင်ပါသည်။ သတ်မှတ်လူနာဦးရေ ပြည့်မှီကူညီဆောင်ရွက်ရန်၊ ကျောက်ကပ်သွေးသန့်စင်စက်များ ဆေးဝါးများနှင့်အထောက်ကူပြုပစ္စည်းများ ကိုလည်းလှူဒါန်းနိုင်ပါသည်။"

အခြား အစီအစဉ်များ

  • ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ
    ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ
    ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ
    လှူဒါန်းရန်
    ၂၀၁၀ခုနှစ် ဧပြီလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဘိုးအဘွား(၁၀၇)ဦးအတွက် တစ်နေ့တာ ဆေးကုသစရိတ်နှင့် အာဟာရကျွေးမွေးရန် ကျပ်(၂)သိန်းခန့်ကုန်ကျ၍ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ၀န်ထမ်းစုစုပေါင်း(၈၇)ဦးအတွက် လစဉ် သိန်းနှစ်ရာ့ငါးဆယ်ခန့်သုံးစွဲရန် လိုအပ်နေပါသည်။
  • နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
    နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
    နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာန
    လှူဒါန်းရန်
    ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
  • ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်
    ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်
    ပြည်ကြီးခင်လူမှုရေးအသင်း
    လှူဒါန်းရန်
    HIV နှင့် MDR-TB ပိုးရှိနေသော လူနာများ၏သားသမီးများအတွက် နှစ်စဉ်ပညာရေး ထောက်ပံ့စရိတ်ကို ပေးနေပါသည်။ ၀န်ထမ်းများ၏လစာငွေမှ ထည့်ဝင်ငွေ ၁% ကိုလည်း လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။ ယခုလည်း ပညာသင်ထောက်ပံ့ကြေးအတွက် စီမံချက်ကိုစတင်လိုက်ခြင်းဖြစ်ပါသည်။
  • မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
    မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
    ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)
    လှူဒါန်းရန်
    မသန်စွမ်းသူများသည် လက်ရှိအခြေအနေတွင် မသန်စွမ်းသူများ စာပေဗဟုသုတ နည်းပါးခြင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်သို့သွားလာရာတွင် အကူကိရိယာရှားပါးခြင်း၊ မသန်စွမ်းသူများအတွက် စာပေဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမမီခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခေါင်းဆောင်များ၏ စွမ်းရည်သတ္တိနှင့် အစဉ်အလာများကို သိရှိနားလည်မှုအားနည်းခြင်း၊ မိမိပတ်ဝန်းကျင်ရှိ တိုးတက်ဖြစ်ပေါ်နေ သော ဖြစ်စဉ်များ၊ ရင်ဆိုင်နေရသော အခက်အခဲများကို သေချာစွာနားလည်ပြီး လူ့အဖွဲ့ အ စည်း အတွင်း အပြည့်အ၀ပူးပေါင်းပါဝင်မှုအားနည်းခြင်းတို့စသော အခက်အခဲများ ကိုတွေ့ကြုံ ခံစားနေရပါသည်။မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ချိတ်ဆက်မှုအတွက် ပညာရေးနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများတွင်ခွဲခြားမှုများမကြုံတွေ့စေရန် အသိ ပညာ ပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မသန်စွမ်းနှင့်ပတ်သက်သည့်အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ခြင်း စသည့်လူ့အဖွဲ့အစည်း အတွင်းမသန်စွမ်းသူများ၏ဘ၀ကို သိရှိနားလည်လာပြီး အများပြည်သူမှ ပူးပေါင်းပါဝင်လာစေရန် မသန်စွမ်းသူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှား မှုများ ကို ရွှေမင်းသားဖောင်ဒေးရှင်းမှ အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
  • သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
    သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
    ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ
    လှူဒါန်းရန်
    ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာများအခြအနေ တိုးတက် ကောင်းမွန်လျက်ရှိပါသည်။ နောင်တွင် ရေကြီးမှုအတွက် စောစွာအန္တရာယ်အချက်ပေးစနစ်၊ အန္တရာယ်လေ့ကျင့်ခန်း၊ ပူပေါင်းဆောင်ရွက်ရေးယန္တရား၊ အဆင့်မြင့် ရေဖြန့်စနစ်များ၊ မြစ်ကမ်းပါးကာကွယ်ရေး စသည်တို့ဖြစ်ပါသည်။
  • သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
    သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
    သဘာဝတရားရိပ်သာ(သန်လျင်) မှတ်ပုံတင်အမှတ်- ၁/ပြည်တွင်း/၀၂၅၅
    လှူဒါန်းရန်
    (၂၇-၀၇-၂၀၀၇) နေ့မှစတင်၍ အမှတ်(၄၅)၊ (၄၅)လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင်ဖွင့်လှစ်ထားသော ၄၅လမ်း သဘာဝတရားရိပ်သာ၏ အထပ် ၄-ထပ်တွင် အမြဲနေထိုင် တရားကျင့်ကြံပွါးများနေသော ယောဂီအယောက် ၁၀၀ ကျော်ရှိပါသည်။
  • အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
    အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
    လမ်းသစ်ဖောင်ဒေးရှင်း
    လှူဒါန်းရန်
    လမ်းသစ်ဖောင်ဒေးရှင်းမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်လူထုထံအရောက်သွား၍ ဆောင်ရွက်ပါ သည်။ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ ဤစီမံချက်နှင့် ပတ်သက်ဆက်နွယ်သူများအား ဦးစွာအသိပေး ဆွေးနွေးရပါသည်။ စီမံချက်အပေါ်နားလည်မှုရှိရန် စီမံချက်ရှိသော ကျေးရွာများရှိ လူအများအား အသိပညာပေး ရှင်းလင်းပြရသည်။ စီမံချက်အစပိုင်းတွင် လူထုအား အသိပညာပေးမည့် ၀န်ထမ်းများအား သင်တန်းများ ဦးစွာပေးရပါသည်။ သင်တန်း အမျိုးအစားများမှာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်မှု သင်တန်းများ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ထိခိုက်ခံစား ရသူများ စီစစ်အကဲဖြတ်ခြင်း နည်းစနစ်ကို အသုံးပြု၍ ဆောင်ရွက်မည်။ စီမံချက်ထဲတွင် ကျေးရွာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများကို လူထုမှ ကိုယ်တိုင် ရွေးချယ်ဖွဲ့စည်းပြီး ယင်းအဖွဲ့များအား လိုအပ်သော သင်တန်းများပေးရပါမည်။ ထိုသင်တန်းများတွင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်နိုင်ခြင်း စွမ်းရည်များ မြင့်မားလာစေရေးအတွက် ထည့်သွင်း သင်ကြားပေးပါမည်။ လမ်းသစ်ဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာ လူထုမှကိုယ်တိုင် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ် နိုင်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
  • အိမ်ယာမြေပံ့ပိုးပေးခြင်း
    အိမ်ယာမြေပံ့ပိုးပေးခြင်း
    လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
    လှူဒါန်းရန်
    ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ရွှေဖလားကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းပါးတွင်တည်ရှိပြီး မြစ်ကမ်းပါးပြိုခြင်းကို (၆၅)အိမ်ထောင်စု ထိခိုက်ခံစားခဲ့ရပါသဖြင့်မြေနေရာနှင့် နေအိမ်အသစ်များ ပံ့ပိုးပေးခြင်းစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်နေပါသည်။
  • ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    လှူဒါန်းရန်
    ကျောင်းတွင်းနေကလေးများ (၁၃၀၀)ခန့်ကို ကျောင်းထိုင်ဆရာတော်ကြီးမှ ကျွေးမွေးစောင့်ရှောက်ထားသည်။ လမ်းပေါ်မှ လေလွင့်ကလေးငယ်(၈၀) ဦးခန့်၊ တောင်ပေါ်ဒေသမှ မိန်းကလေးငယ် (ချင်း၊ ကရင်၊ ရှမ်း၊ ၀၊ အခါ၊…) (၂၃၀) ဦးခန့်၊ ရဟန်းသာမဏေ(၇၀၀)ပါးခန့်၊ နာဂစ်မုန်တိုင်းဒဏ်သင့် ကလေးငယ်(၉၀)ဦးခန့်နှင့် ဆင်းရဲနွမ်းပါးသော မိသားစုများမှ အမျိုးသမီးငယ်(၂၀၀)ဦးခန့်တို့ဖြစ်သည်။ ဖောင်တော်ဦးကျောင်းမှ အနာဂါတ်အတွက် ဦးဆောင်မှုပေးနိုင်မည့် လူငယ်များအတွက် ပညာအဟာရတိုက်ကျွေးရာတွင် ရေရှည်ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် နေ့စဉ်စားသုံးစရိတ်များ လိုအပ်လျက်ရှိ ပါသည်။ ကျောင်းတွင်းနေကလေးမျာ၏ နေ့စဉ်စားသုံးစရိတ်မှာ လစဉ်ခန့်မှန်းပမာဏ သိန်းသုံးရာကိုးသိန်း ဖြစ်ပါသည်။
  • ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ မှတ်ပုံတင်အမှတ်(၂၂၁၃)
    လှူဒါန်းရန်
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၈)ကြိမ်မြောက် ဆေးကုသမှုအလှူတော်ကို တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ကို အခြေပြု၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ကုသပေးရန် စီစဉ် ထားပါသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အထွေထွေ သားဖွားမီးယပ်၊ အရိုးကြော၊ ကလေး သွားနှင့်ခံတွင်း၊ အရေပြား၊ အထွေထွေခွဲမှုများ ကုသပေးပါမည်ဖြစ်ပါသည်။ အလှူအတွက် ကုန်ကျငွေ ကျပ်သိန်း (၅၀၀)ကျော်မည်ဟု ခန့်မှန်းထားရှိပါသည်။