Lotayamm

search
မာတိကာ

contents

စေတနာကမ်းလက်များ > အစီအစဉ်

သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
17-Jul-2017 ~ 18-Jul-2027
အစီစဉ် အမှတ် : 1003
(၂၇-၀၇-၂၀၀၇) နေ့မှစတင်၍ အမှတ်(၄၅)၊ (၄၅)လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင်ဖွင့်လှစ်ထားသော ၄၅လမ်း သဘာဝတရားရိပ်သာ၏ အထပ် ၄-ထပ်တွင် အမြဲနေထိုင် တရားကျင့်ကြံပွါးများနေသော ယောဂီအယောက် ၁၀၀ ကျော်ရှိပါသည်။
လှူဒါန်းရန်
အစီအစဉ်၏ အသေးစိတ် အချက်အလက်များ
သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)     သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)     သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)     သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)     သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
သန်လျင် သဘာဝတရားရိပ်သာ(၁၆-၀၆-၂၀၀၈) နေ့တွင် အဘဦးကျော်အေး၊ မာမီဒေါ်ခင်ဆွေဦးတို့လှူဒါန်းသော မြေ ၃-ဧကပေါ်တွင် စတင်တည်ထောင် ပါသည်။ယခုအခါ သန်လျင် သဘာဝတရားရိပ်သာ၏ မြေဧက ၈၀-ကျော်တွင်၊ အနယ်နယ်အရပ်ရပ်မှ သံဃာများ၊ သီလရှင်များ၊ တရားအားထုတ်လိုသော ယောဂီများကိုသာမက သက်ကြီးရွယ်အိုများ၊ စွန့်ပစ်ခံဘိုးဘွားများ၊ လူမမာများ၊ HIV ဝေဒနာရှင်များ၊ မျက်မမြင်၊ နားမကြား၊ ခြေလက်မသန်စွမ်း သူများ၊ စိတ်ကျန်းမာရေးချို့တဲ့သူများ၊ လေငန်းရောဂါ ဝေဒနာရှင်များ၊ မိဘမဲ့ကလေးများ၊ မှီခိုအားထားရာမရှိသူများ၊ အတိဒုက္ခရောက်နေသူများအပါအ၀င် အမြဲနေယောဂီ ၂၅၀၀ ကျော်ကို အခမဲ့နေစရာပေး၊ ကျွေးမွေးစောင့်ရှောက်၊ ဆေးကုသပေးရုံသာမက၊ သံသရာဝဋ်ဒုက္ခများကို ချုပ်ငြိမ်းစေရန် နေ့စဉ်၊ နှစ်ရှည်လများဆက်တိုက်၊ နားရက်မရှိ …သစ္စာတရား၊အနတ္တအမှန်တရား ရေအေးများ တိုက်ကျွေးပေး၍ ဝိပဿနာဘာဝနာကို လက်တွေ့ကျင့်ကြံပွါးများစေကာ မဂ္ဂင်ဖေါင်ပေါ် သို့ ပို့ဆောင်ပေးနေပါသည်။
အမြဲတမ်းတိုးပွါးနေသော ယောဂီများအတွက် ... အလှူရှင်များနှင့် စေတနာရှင်၊ ပညာရှင်များ၏ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးမှုဖြင့် ဓမ္မဆေးရုံများ၊ နေစရာအဆောင်များ၊ ပရိယတ္ထိပညာသင်ကျောင်းများ၊ နိုင်ငံခြားသားယောဂီများအတွက် အဆောင်များ၊ မီးဖိုဆောင်များအစရှိသော လိုအပ်သည့်အဆောက် အဦများကိုလဲ စဉ်ဆက်မပြတ် တိုးချဲ့ဆောက်လုပ်လျက်ရှိပါသည်။

အခြား အစီအစဉ်များ