Lotayamm

search
မာတိကာ

contents

စေတနာကမ်းလက်များ > အစီအစဉ်

မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
အစီစဉ် အမှတ် : 1005
မသန်စွမ်းသူများသည် လက်ရှိအခြေအနေတွင် မသန်စွမ်းသူများ စာပေဗဟုသုတ နည်းပါးခြင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်သို့သွားလာရာတွင် အကူကိရိယာရှားပါးခြင်း၊ မသန်စွမ်းသူများအတွက် စာပေဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမမီခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခေါင်းဆောင်များ၏ စွမ်းရည်သတ္တိနှင့် အစဉ်အလာများကို သိရှိနားလည်မှုအားနည်းခြင်း၊ မိမိပတ်ဝန်းကျင်ရှိ တိုးတက်ဖြစ်ပေါ်နေ သော ဖြစ်စဉ်များ၊ ရင်ဆိုင်နေရသော အခက်အခဲများကို သေချာစွာနားလည်ပြီး လူ့အဖွဲ့ အ စည်း အတွင်း အပြည့်အ၀ပူးပေါင်းပါဝင်မှုအားနည်းခြင်းတို့စသော အခက်အခဲများ ကိုတွေ့ကြုံ ခံစားနေရပါသည်။မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ချိတ်ဆက်မှုအတွက် ပညာရေးနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများတွင်ခွဲခြားမှုများမကြုံတွေ့စေရန် အသိ ပညာ ပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မသန်စွမ်းနှင့်ပတ်သက်သည့်အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ခြင်း စသည့်လူ့အဖွဲ့အစည်း အတွင်းမသန်စွမ်းသူများ၏ဘ၀ကို သိရှိနားလည်လာပြီး အများပြည်သူမှ ပူးပေါင်းပါဝင်လာစေရန် မသန်စွမ်းသူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှား မှုများ ကို ရွှေမင်းသားဖောင်ဒေးရှင်းမှ အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
လှူဒါန်းရန်
အစီအစဉ်၏ အသေးစိတ် အချက်အလက်များ
မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ် မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ် မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ် မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
မသန်စွမ်းသူများလက်ရှိအခြေအနေတွင် မသန်စွမ်းသူများ စာပေဗဟုသုတနည်းပါးခြင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်သို့သွားလာရာတွင် အကူကိရိယာရှားပါးခြင်း၊ မသန်စွမ်းသူများအတွက် စာပေဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမမီခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခေါင်းဆောင်များ၏ စွမ်းရည်သတ္တိနှင့် အစဉ်အလာများကို သိရှိနားလည်မှုအားနည်းခြင်း၊ မိမိပတ်ဝန်းကျင်ရှိ တိုးတက်ဖြစ်ပေါ်နေသော ဖြစ်စဉ်များ၊ ရင်ဆိုင်နေရသော အခက်အခဲများကို သေချာစွာနားလည်ပြီး လူ့အဖွဲ့အစည်းအတွင်း အပြည့်အ၀ပူးပေါင်းပါဝင်မှုအားနည်းခြင်းတို့စသော အခက်အခဲများကိုတွေ့ကြုံခံစားနေရပါသည်။
သို့ဖြစ်ပါ၍ (၂၀၁၇)ခုနှစ်ပြည်ထောင်စုနေ့တွင် စာပေဟောပြောပွဲကို မိမိတို့နိုင်ငံတော်တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ထက်သန်ရေး၊ ညီညွတ်ရေးသည် အရေးကြီးကြောင်းပိုမိုနားလည် လက်ခံလာကာ စွမ်းအားရှိသမျှ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် မသန်စွမ်းသူများအများနည်းတူ ပူးပေါင်းပါဝင်လာစေရန်နှင့် မသန်စွမ်းသူများအတွက် အမှန်တကယ်လိုအပ်သော Wheelchair များလှူဒါန်းနိုင်ရန်အတွက်ရည်ရွယ်၍ စာပေဟောပြောပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြည်ထောင်စုနေ့ ၂၀၁၇ ခုနှစ် တွင် ဖေဖော်ဝါရီ (၁၂) ရက်တွင် စာပေဟောပြောမည့် ပညာရှင် (၄)ဦးအား ဖိတ်ကြား၍ ရန်ကုန်မြို့တွင်စာပေဟောပြောပွဲကိုကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ စာပေဟောပြောပွဲတွင် လာရောက်နားထောင်မည့်မသန်စွမ်းသူ (၃၀၀)ဦးကို မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တောင်ဒဂုံနှင့် မှော်ဘီမြို့နယ်တို့မှ ကြိုပို့ယာဉ်စီစဉ်ပေးခြင်းအပြင် ၎င်းတို့အားကူညီမည့်သူ (၅၀)ဦး ကိုပါစီစဉ်ပေးမည်ဖြစ်သည်။ စာပေဟောပြောပွဲတွင် အကျွေးအမွေးအပြင် အမှန်တကယ်လိုအပ်သောမသန်စွမ်းသူများအတွက် အထောက်အကူ ကိရိယာများကိုပါပေးအပ်သွားမည်ဖြစ်သည်။

အခြား အစီအစဉ်များ

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။