Lotayamm

search
မာတိကာ

contents

စေတနာကမ်းလက်များ > အစီအစဉ်

အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
အစီစဉ် အမှတ် : 1008
လမ်းသစ်ဖောင်ဒေးရှင်းမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်လူထုထံအရောက်သွား၍ ဆောင်ရွက်ပါ သည်။ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ ဤစီမံချက်နှင့် ပတ်သက်ဆက်နွယ်သူများအား ဦးစွာအသိပေး ဆွေးနွေးရပါသည်။ စီမံချက်အပေါ်နားလည်မှုရှိရန် စီမံချက်ရှိသော ကျေးရွာများရှိ လူအများအား အသိပညာပေး ရှင်းလင်းပြရသည်။ စီမံချက်အစပိုင်းတွင် လူထုအား အသိပညာပေးမည့် ၀န်ထမ်းများအား သင်တန်းများ ဦးစွာပေးရပါသည်။ သင်တန်း အမျိုးအစားများမှာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်မှု သင်တန်းများ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ထိခိုက်ခံစား ရသူများ စီစစ်အကဲဖြတ်ခြင်း နည်းစနစ်ကို အသုံးပြု၍ ဆောင်ရွက်မည်။ စီမံချက်ထဲတွင် ကျေးရွာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများကို လူထုမှ ကိုယ်တိုင် ရွေးချယ်ဖွဲ့စည်းပြီး ယင်းအဖွဲ့များအား လိုအပ်သော သင်တန်းများပေးရပါမည်။ ထိုသင်တန်းများတွင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်နိုင်ခြင်း စွမ်းရည်များ မြင့်မားလာစေရေးအတွက် ထည့်သွင်း သင်ကြားပေးပါမည်။ လမ်းသစ်ဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာ လူထုမှကိုယ်တိုင် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ် နိုင်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
လှူဒါန်းရန်
အစီအစဉ်၏ အသေးစိတ် အချက်အလက်များ
အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက် အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက် အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက် အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
စီမံချက်၏ ရည်ရွယ်ချက်
အမျိုးသမီးများ၊ ကလေးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အပါအဝင် ဒေသခံလူထု၏ သဘာဝ ဘေးအန္တရာယ်အပေါ် လိုက်လျောညီထွေတုန့်ပြန်နိုင်မှု အားကောင်းလာစေရန်။
ဒေသခံလူထုသည် မိမိတို့၏အသက်အိုးအိမ်၊ အသက်မွေးဝမ်းကြောင်းမှု၊ ပစ္စည်းဥစ္စာနှင့် သဘာဝပတ်ဝန်းကျင်တို့အား မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်မှုရှိလာစေရေးအတွက် ကောင်းစွာ ပြင်ဆင်ထားနိုင်ရန်။
လုပ်ဆောင်ချက်
(၁-၁) ကြိုတင် အသိပေးစည်းရုံးခြင်း။ မြို့နယ်နှင့် ကျေးရွာအဆင့်တွင် စီမံချက်၏ ရည်မှန်းချက်နှင့် လှုပ်ရှားဆောင်ရွက်မည့်အချက်များကို နားလည်အောင် မိတ်ဆက်ရှင်းလင်းခြင်း
(၁-၂) သဘာဝဘေးအန္တရာယ်များကို လိုက်လျောညီထွေတုန့်ပြန်နိုင်ရေးတွင် ထိခိုက်ခံစားရသူများ၏ ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးရာတွင် လမ်းသစ်ဖောင်ဒေးရှင်းအနေဖြင့် လူထုနားလည်သဘောပေါက်စေရေးအတွက် လုပ်ဆောင်ခြင်း။
(၁-၃) သဘာဝဘေးအန္တရာယ်၏ အကျိုးသက်ရောက်မှုကို ဒေသခံလူထု လွယ်ကူလျှင်မြန်စွာ နားလည်ပြီး ဘေးအန္တရာယ်၏ အကျိုးသက်ရောက်မှုလျော့ပါးအောင် ဆောင်ရွက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လိုက်လျောညီထွေတုန့်ပြန်နိုင်စေရေးတို့တွင် ပူးပေါင်းပါဝင်လာစေရန် လိုအပ်သောသတင်းအချက်အလက်နှင့် ပညာပေးဆက်သွယ်ချက်များကို လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ဆိုင်းဘုတ်များ စသည်ဖြင့် လုပ်ဆောင်ခြင်း။
အကျိုးရလဒ် (၂)
သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု လွန်ကဲပြောင်းလဲမှုများအတွက် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို တုန့်ပြန်နိုင်ရန် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအပါအဝင် ဒေသခံလူထုအား လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများရရှိအောင်လုပ်ဆောင်ပေးခြင်းဖြင့် ၄င်းတို့၏ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးရန်။
လုပ်ဆောင်ချက်
(၂-၁) လုပ်ငန်းစီမံချက် ဝန်ထမ်းများကို လူထုအခြေပြု သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ဆိုင်သော အကျိုးရလဒ်များကို ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ရေးအတွက် သင်တန်းများပေးရန်၊ စီမံချက်ဝန်ထမ်းများကို တတ်နိုင်သမျှ ဒေသခံများမှ ရွေးချယ်ခန့်အပ်ရန်၊ သင်တန်းပေးထားသော ဝန်ထမ်းများသည် ဒေသခံလူထုအား ပြန်လည် သင်တန်းပေးနိုင်ရန်
(၂-၂) စီမံချက်လုပ်ဆောင်မှုတွင် ထိခိုက်ခံစားရသူများ ကိုယ်တိုင်ပါဝင်လာနိုင်စေရန်၊ အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်မှုကိုအားပေးဆောင်ရွက်ရန်
(၂-၃) လုပ်ငန်းစီမံချက်လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်ရန်၊ အထူးသဖြင့် လူထုအား အသိပေးရှင်းလင်းခြင်း၊ သတ်မှတ်ချက်အလိုက် အစုအဖွဲ့များဖွဲ့၍ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေသုံးသပ်ခြင်း၊ သတင်းအချက်အလက် ပေးနိုင်မည့်သူများအား တွေ့ဆုံမေးမြန်းခြင်း၊ ဒေသခံများနှင့် အတူနေထိုင်၍ ဆွေးနွေးသုံးသပ်ခြင်းများဆောင်ရွက်ရန်
အကျိုးရလဒ် (၃)
သဘာဝဘေးအန္တရာယ်လျှော့ချကာကွယ်ရေးနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရေး စီမံခန့်ခွဲနိုင်ရေးအတွက် ကျေးလက်အဆင့် လုပ်ငန်းမူဘောင်ချမှတ်ခြင်း
(၃-၁) လူထုအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေး လုပ်ငန်းစီမံကိန်းတစ်ခုပေါ်ပေါက်စေရန်အတွက် ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ ၄င်းကော်မတီအောက်တွင် သက်ဆိုင်ရာလုပ်ငန်း အဖွဲ့များဖွဲ့စည်းခြင်း၊ (ဥပမာ- ကြိုတင်သတိပေးရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့ ရှေးဦးသူနာပြုအဖွဲ့)
(၃-၂) ကြိုတင်သင်တန်းပေးထားသော စီမံချက်ဝန်ထမ်းများမှ ရည်ရွယ်ထားသော ကျေးလက်မှ ပြည်သူများကို သင်တန်းပြန်လည်ပို့ချပေးခြင်းဖြင့် ၄င်းတို့၏ သဘဝဘေးအန္တရာယ်အပေါ် တုန့်ပြန်နိုင်မှုစွမ်းရည်တိုးတက်လာစေရန်၊ ၄င်းတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် သက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်နိုင်စေရန်
(၃-၃) စီမံချက်ဝန်ထမ်းများမှ ကျေးလက်လူထုကော်မတီနှင့် လုပ်ငန်းအဖွဲ့များအား ကျေးရွာလုပ်ငန်း စီမံကိန်းတစ်ခု ပေါ်ထွက်လာသည်အထိ ကူညီခြင်းဖြင့် ရေရှည်လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် ပံ့ပိုးစီမံ တွန်းအားပေးနိုင်ရန်

အခြား အစီအစဉ်များ

  • ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ
    ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ
    ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ
    လှူဒါန်းရန်
    ၂၀၁၀ခုနှစ် ဧပြီလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဘိုးအဘွား(၁၀၇)ဦးအတွက် တစ်နေ့တာ ဆေးကုသစရိတ်နှင့် အာဟာရကျွေးမွေးရန် ကျပ်(၂)သိန်းခန့်ကုန်ကျ၍ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ၀န်ထမ်းစုစုပေါင်း(၈၇)ဦးအတွက် လစဉ် သိန်းနှစ်ရာ့ငါးဆယ်ခန့်သုံးစွဲရန် လိုအပ်နေပါသည်။
  • နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
    နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန
    နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာန
    လှူဒါန်းရန်
    ကျောက်ကပ်သွေးသန့်စင်ပေးခြင်း
  • ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်
    ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်
    ပြည်ကြီးခင်လူမှုရေးအသင်း
    လှူဒါန်းရန်
    HIV နှင့် MDR-TB ပိုးရှိနေသော လူနာများ၏သားသမီးများအတွက် နှစ်စဉ်ပညာရေး ထောက်ပံ့စရိတ်ကို ပေးနေပါသည်။ ၀န်ထမ်းများ၏လစာငွေမှ ထည့်ဝင်ငွေ ၁% ကိုလည်း လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။ ယခုလည်း ပညာသင်ထောက်ပံ့ကြေးအတွက် စီမံချက်ကိုစတင်လိုက်ခြင်းဖြစ်ပါသည်။
  • မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
    မသန်စွမ်းသူများဘ၀ဖွံဖြိုးတိုးတက်ရေးအစီအစဉ်
    ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)
    လှူဒါန်းရန်
    မသန်စွမ်းသူများသည် လက်ရှိအခြေအနေတွင် မသန်စွမ်းသူများ စာပေဗဟုသုတ နည်းပါးခြင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်သို့သွားလာရာတွင် အကူကိရိယာရှားပါးခြင်း၊ မသန်စွမ်းသူများအတွက် စာပေဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမမီခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခေါင်းဆောင်များ၏ စွမ်းရည်သတ္တိနှင့် အစဉ်အလာများကို သိရှိနားလည်မှုအားနည်းခြင်း၊ မိမိပတ်ဝန်းကျင်ရှိ တိုးတက်ဖြစ်ပေါ်နေ သော ဖြစ်စဉ်များ၊ ရင်ဆိုင်နေရသော အခက်အခဲများကို သေချာစွာနားလည်ပြီး လူ့အဖွဲ့ အ စည်း အတွင်း အပြည့်အ၀ပူးပေါင်းပါဝင်မှုအားနည်းခြင်းတို့စသော အခက်အခဲများ ကိုတွေ့ကြုံ ခံစားနေရပါသည်။မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ချိတ်ဆက်မှုအတွက် ပညာရေးနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများတွင်ခွဲခြားမှုများမကြုံတွေ့စေရန် အသိ ပညာ ပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မသန်စွမ်းနှင့်ပတ်သက်သည့်အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ခြင်း စသည့်လူ့အဖွဲ့အစည်း အတွင်းမသန်စွမ်းသူများ၏ဘ၀ကို သိရှိနားလည်လာပြီး အများပြည်သူမှ ပူးပေါင်းပါဝင်လာစေရန် မသန်စွမ်းသူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှား မှုများ ကို ရွှေမင်းသားဖောင်ဒေးရှင်းမှ အရှိန်အဟုန်မြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
  • သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
    သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
    ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ
    လှူဒါန်းရန်
    ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာများအခြအနေ တိုးတက် ကောင်းမွန်လျက်ရှိပါသည်။ နောင်တွင် ရေကြီးမှုအတွက် စောစွာအန္တရာယ်အချက်ပေးစနစ်၊ အန္တရာယ်လေ့ကျင့်ခန်း၊ ပူပေါင်းဆောင်ရွက်ရေးယန္တရား၊ အဆင့်မြင့် ရေဖြန့်စနစ်များ၊ မြစ်ကမ်းပါးကာကွယ်ရေး စသည်တို့ဖြစ်ပါသည်။
  • သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
    သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း (သန်လျင်)
    သဘာဝတရားရိပ်သာ(သန်လျင်) မှတ်ပုံတင်အမှတ်- ၁/ပြည်တွင်း/၀၂၅၅
    17-Jul-2017 ~ 18-Jul-2027
    လှူဒါန်းရန်
    (၂၇-၀၇-၂၀၀၇) နေ့မှစတင်၍ အမှတ်(၄၅)၊ (၄၅)လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင်ဖွင့်လှစ်ထားသော ၄၅လမ်း သဘာဝတရားရိပ်သာ၏ အထပ် ၄-ထပ်တွင် အမြဲနေထိုင် တရားကျင့်ကြံပွါးများနေသော ယောဂီအယောက် ၁၀၀ ကျော်ရှိပါသည်။
  • အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
    အားလုံးပါဝင်သော လူထုအခြေပြု သဘာဝဘေးအန္တရာယ်  လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းအား လိုက်လျောညီထွေ နေထိုင်နိုင်ရေး စီမံချက်
    လမ်းသစ်ဖောင်ဒေးရှင်း
    လှူဒါန်းရန်
    လမ်းသစ်ဖောင်ဒေးရှင်းမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်လူထုထံအရောက်သွား၍ ဆောင်ရွက်ပါ သည်။ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ ဤစီမံချက်နှင့် ပတ်သက်ဆက်နွယ်သူများအား ဦးစွာအသိပေး ဆွေးနွေးရပါသည်။ စီမံချက်အပေါ်နားလည်မှုရှိရန် စီမံချက်ရှိသော ကျေးရွာများရှိ လူအများအား အသိပညာပေး ရှင်းလင်းပြရသည်။ စီမံချက်အစပိုင်းတွင် လူထုအား အသိပညာပေးမည့် ၀န်ထမ်းများအား သင်တန်းများ ဦးစွာပေးရပါသည်။ သင်တန်း အမျိုးအစားများမှာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်မှု သင်တန်းများ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ထိခိုက်ခံစား ရသူများ စီစစ်အကဲဖြတ်ခြင်း နည်းစနစ်ကို အသုံးပြု၍ ဆောင်ရွက်မည်။ စီမံချက်ထဲတွင် ကျေးရွာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများကို လူထုမှ ကိုယ်တိုင် ရွေးချယ်ဖွဲ့စည်းပြီး ယင်းအဖွဲ့များအား လိုအပ်သော သင်တန်းများပေးရပါမည်။ ထိုသင်တန်းများတွင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် တုန့်ပြန်နိုင်ခြင်း စွမ်းရည်များ မြင့်မားလာစေရေးအတွက် ထည့်သွင်း သင်ကြားပေးပါမည်။ လမ်းသစ်ဖောင်ဒေးရှင်းအနေဖြင့် ကျေးရွာ လူထုမှကိုယ်တိုင် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ် နိုင်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
  • အိမ်ယာမြေပံ့ပိုးပေးခြင်း
    အိမ်ယာမြေပံ့ပိုးပေးခြင်း
    လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
    လှူဒါန်းရန်
    ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ရွှေဖလားကျွန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းပါးတွင်တည်ရှိပြီး မြစ်ကမ်းပါးပြိုခြင်းကို (၆၅)အိမ်ထောင်စု ထိခိုက်ခံစားခဲ့ရပါသဖြင့်မြေနေရာနှင့် နေအိမ်အသစ်များ ပံ့ပိုးပေးခြင်းစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်နေပါသည်။
  • ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း
    လှူဒါန်းရန်
    ကျောင်းတွင်းနေကလေးများ (၁၃၀၀)ခန့်ကို ကျောင်းထိုင်ဆရာတော်ကြီးမှ ကျွေးမွေးစောင့်ရှောက်ထားသည်။ လမ်းပေါ်မှ လေလွင့်ကလေးငယ်(၈၀) ဦးခန့်၊ တောင်ပေါ်ဒေသမှ မိန်းကလေးငယ် (ချင်း၊ ကရင်၊ ရှမ်း၊ ၀၊ အခါ၊…) (၂၃၀) ဦးခန့်၊ ရဟန်းသာမဏေ(၇၀၀)ပါးခန့်၊ နာဂစ်မုန်တိုင်းဒဏ်သင့် ကလေးငယ်(၉၀)ဦးခန့်နှင့် ဆင်းရဲနွမ်းပါးသော မိသားစုများမှ အမျိုးသမီးငယ်(၂၀၀)ဦးခန့်တို့ဖြစ်သည်။ ဖောင်တော်ဦးကျောင်းမှ အနာဂါတ်အတွက် ဦးဆောင်မှုပေးနိုင်မည့် လူငယ်များအတွက် ပညာအဟာရတိုက်ကျွေးရာတွင် ရေရှည်ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် နေ့စဉ်စားသုံးစရိတ်များ လိုအပ်လျက်ရှိ ပါသည်။ ကျောင်းတွင်းနေကလေးမျာ၏ နေ့စဉ်စားသုံးစရိတ်မှာ လစဉ်ခန့်မှန်းပမာဏ သိန်းသုံးရာကိုးသိန်း ဖြစ်ပါသည်။
  • ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ မှတ်ပုံတင်အမှတ်(၂၂၁၃)
    လှူဒါန်းရန်
    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၈)ကြိမ်မြောက် ဆေးကုသမှုအလှူတော်ကို တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ကို အခြေပြု၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ကုသပေးရန် စီစဉ် ထားပါသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အထွေထွေ သားဖွားမီးယပ်၊ အရိုးကြော၊ ကလေး သွားနှင့်ခံတွင်း၊ အရေပြား၊ အထွေထွေခွဲမှုများ ကုသပေးပါမည်ဖြစ်ပါသည်။ အလှူအတွက် ကုန်ကျငွေ ကျပ်သိန်း (၅၀၀)ကျော်မည်ဟု ခန့်မှန်းထားရှိပါသည်။