Lotayamm

search
မာတိကာ

contents

စေတနာကမ်းလက်များ > အစီအစဉ်

သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
အစီစဉ် အမှတ် : 1010
ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာများအခြအနေ တိုးတက် ကောင်းမွန်လျက်ရှိပါသည်။ နောင်တွင် ရေကြီးမှုအတွက် စောစွာအန္တရာယ်အချက်ပေးစနစ်၊ အန္တရာယ်လေ့ကျင့်ခန်း၊ ပူပေါင်းဆောင်ရွက်ရေးယန္တရား၊ အဆင့်မြင့် ရေဖြန့်စနစ်များ၊ မြစ်ကမ်းပါးကာကွယ်ရေး စသည်တို့ဖြစ်ပါသည်။
လှူဒါန်းရန်
အစီအစဉ်၏ အသေးစိတ် အချက်အလက်များ
သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် နှစ်စဉ်နီးပါး ရေကြီး၊ ရေလွှမ်းမှုဒဏ်ကိုခံစားရပါသည်။ ဟင်္သာတမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ တွင် PWJ အဖွဲ့အစည်းမှ ကျေးရွာများ၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ ရဲ၊ စသည်ဖြင့်)၊ ကြက်ခြေနီ၊ မြို့ပြလူမှုအဖွဲ့အစည်းများနှင့် အခြားပူပေါင်းပါဝင်ဆောင်ရွက်ကြသူများအကြားတွင် ရေကြီးရေလွှမ်းတုန့်ပြန်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်မှုစက်ယန္တရားများ ထူထောင်ပေးခြင်း၊ နောင်ဖြစ်လာမည့် ရေကြီး၊ ရေလွှမ်းမှုများအား ဆက်သွယ်သိရှိရန်အတွက် စောလျင်စွာ ဘေးအန္တရာယ်အချက်ပေးစနစ်များအား မိတ်ဆက်ပေးခြင်း၊ ရှေးဦးသူနာပြုနည်းလမ်းများ၊ တိုက်တာအဆောက်အဦများ၊ ပစ္စည်းပစ္စယများ ကာကွယ်ရေးနည်းလမ်းများအပါအ၀င် ရေကြီး၊ ရေလွှမ်းမှု အန္တရာယ်အား တုန့်ပြန်နိုင်စေရန် ကျေးရွာပြည်သူလူထုအား သင်တန်းများပေးခြင်း၊ အန္တရာယ်အားတုန့်ပြန်ပုံ သရုပ်ပြ လေ့ကျင့်ခန်းများအား ဦးစီးဦးဆောင်ပြုလုပ်ပြသခြင်း၊ ရေကြီး၊ ရေလွှမ်းမှုဒဏ်ခံနိုင်သော အဆင့်မြင့် ရေဖြန့် ဝေရေးစနစ်များပြုလုပ်ပေးခြင်းနှင့် မြစ်ကမ်းပါးရေတိုက်စားမှုမှ ကာကွယ်ပေးခြင်းများပြုလုပ်ပေးလျက်ရှိပါသည်။ အဆိုပါလုပ်ဆောင်ချက် များသည် ထိုကျေးရွာအားလုံးအတွက် နောင်ဖြစ်လာမည့်ရေကြီး၊ ရေလွှမ်းမှုအန္တရာယ်များအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ပြီးသား ဖြစ်စေပါမည်။

ဤစီမံချက်အား မြန်မာလူမှုအဖွဲ့အစည်းတစ်ဖွဲ့နှင့်အတူ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အခြား အစီအစဉ်များ